လက်စုံမိုး၍ ရှိခိုးကန်တော့ခြင်း
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ၊၀စီကံ၊ မနောကံ၊သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာတရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို ၊အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော်
ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရာ။
ဆုတောင်းခြင်း===ကန်တော့ရသောအကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို လျှင်မြန်စွာ ရပါလို၏အရှင်ဘုရား။
မှတ်ချက်= =မိဘ/ဆရာသမားတို့ကို ကန်တော့သည့်အခါ အထက်ပါကန်တော့ချိုးတွင် “ရတနာမြတ်သုံးပါးတို့ကို”နေရာ၌ “ရတနာမြတ်သုံးပါးနှင့်တကွ မိဘဆရာသမား”တို့ကို
ဟူ၍ ထည့်ဆိုပါ၊
အဓိပ္ပါယ် ရှင်းလင်းချက်များ
သြကာသ = ရှိခိုးကန်တောခွင့်ပြုတော်မူပါ
ရှိုခိုးကန်တော့ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်သည်၊
ရိုသေမှုကိုအလေးအနက်တန်ဖိုးထားပြုလိုသောကြောင့် သုံးကြိမ်ရွတ်ဆိုသည်။
ကာယကံ = ကိုယ်ဖြင့်ပြုလုပ်သော အမှု
ဝစီကံ = နှုတ်ဖြင့်ပြောဆိုသောအမှု
မနောကံ = စိတ်ဖြင့် ကြံစည်သောအမှု
သဗ္ဗဒေါသ= ခပ်သိမ်းသောအပြစ်များ
ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှါ = ရတနာမြတ်သုံးပါးနှင့် မိဘဆရာ
ဆရာသမားတို့ကို -ကာယကံဆိုတဲ့ ကိုယ်အမူအရာဖြင့်ပြစ်မှားခြင်း၊ ၀စီကံဆိုတဲ့နှုတ်အပြော
အဆို ဖြင့်ပြစ်မှားခြင်း။ မနောကံဆိုတဲ့ စိတ်ကူးအကြံအစည်များဖြင့် ပြစ်မှားခြင်းတို့တွင် တစ်စုံ
တစ်ခုသောပြစ်မှားခြင်းရှိခဲ့သော် ထိုအပြစ်တို့မှ ကင်းပျောက်လျှော့ပါးသွားရန် တောင်းပန်ကန်
တော့သည်။
အရိုအသေ = ရိုသေစွာ၊မလေးမခန့်မပြုမူဘဲ ကျိုးနွံစွာ။
အလေးအမြတ်= လေးလေးစားစား မြတ်မြတ်နိုးနိုး တန်ဖိုးကြီးမားစွာ၊
လက်အုပ်မိုး၍ = လက်ဝါးနှစ်ဘက် ဆယ်ဖြာသောလက်အစုံကို ပန်းကြာငုံကဲ့သို့ စုံညီပြု၍
အရိုအသေပြုသည်။
ရှိခိုး = အရိုအသေပြု၍ ဦးနှိမ့်ချသည်။
ရှိခိုးခြင်းသုံးမျိုး
၁။ လက်အုပ်ချီ၍ ခြေလက်နဖူး တံတောင်ဒူး ငါးဦးညီညွတ်စေလျှက် ထိခြင်းငါးပါးတို့ဖြင့်
ရှိခိုးခြင်းကို (ကာယကံ)ကိုယ်ဖြင့်ရှိုခိုးခြင်းမည်၏၊
၂။ ရတနာမြတ်သုံးပါးတို့၏ဂုဏ်တော်များကို နှုတ်ဖြင့်ရွတ်ဆို၍ ရှိုခိုးခြင်းကို (၀စီကံ) နှတ်ဖြင့်
ရှိုခိုးခြင်းမည်၏။
၃။ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်များကို စိတ်ဖြင့်အဖန်ဖန်အောက်မေ့ဆင်ခြင်နှလုံးသွင်း
နေခြင်းကို (၀စီကံ) စိတ်ဖြင့်ရှိခိုးခြင်းမည်၏။
ပူဇော် = တစ်စုံတစ်ခုပေး၍ အလေးအမြတ်ပြုသည်။
ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းဟူ၍ ပူဇော်ခြင်းနှစ်မျိုးရှိရာတွင် ကျင့်ဝတ်
ဖြင့် ပူဇော်ခြင်းသည် တရားဖြင့်ပူဇော်ခြင်းဖြစ်သည်။
ဖူးမြော် = ပကတိမျက်စိဖြင့် မြင်တွေ့ခြင်း၊ ဥာဏ်မျက်စိဖြင့် ထင်ရှားပေါ်လွင်လာအောင် အာရုံပြုခြင်းဟူ၍ နှစ်မျိုးရှိသည်။
မာန်လျှော့ = မာန်မာနကိုလျှော့ချခြင်း၊
ကန်တော = ၀န်ချတောင်းပန်သည်။
အပြစ်ရှိ၍ကန်တောခြင်း၊ကုသိုလ်ရလို၍ကန်တောခြင်းနှစ်မျိုးရှိသည်။
ကန်တောရသော အကျိုးအားကြောင့်
ကန်တော့ရသောကုသိုလ်ကံစေတနာတို့၏အကျိုးအားကြောင့်နှင့်ရှေးမူအတိုင်းဆိုစေသည်။
No comments:
Post a Comment