ကရင်ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် စိုက်ပျိုးရေးဇုန်ဗုဒ္ဓကျေးဇူးကျောင်းတွင် မျိုးဆက်သစ် ကလေးလူငယ်များကို မြတ်ဗုဒ္ဓ၏ အဆုံးအမများဖြင့် လူ့ယဉ်ကျေးမှုကို တန်းဖိုးထား တည်ဆောက်တတ်စေရန် မြင့်မြတ်သောရည်မှန်းချက်စေတနာဖြင့်
၁။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်အတူ
၂။ အင်္ဂလိပ်စာသင်တန်း၊ ၃။ ကွန်ပျူတာသင်တန်းများကို (၂၂.၃.၂၀၁၂) နေ့တွင်စတင်ဖွင့်လှစ်သင်ကြား
လျှက်ရှိပါသည်။ သင်တန်းသားဦးရေ (၁၆၀) ကျော်တက်ရောက်လျှက်ရှိပါသဖြင့်
သင်ကြားပြသသော ဆရာ(၅)ဦးတို့မှ နွေရာသီ သင်တန်းကို သင်ကြားပေးလျှက်ရှိပါသည်။
ဗုဒ္ဓဘာသာယဉ်ကျေးမှု အလတ်တန်းသင်ခန်းစားများကိုလည်း ဤဘလောတွင် မှတ်တမ်းအဖြစ် တင်ဆက်
မည်ဖြစ်ပါသဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဗဟုသုတ ရှာဖွေလိုသူများအတွက်နေ့စဉ်သင်ခန်းစားများကို
ရေးသားပါမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
မှတ်ချက်=သင်တန်းကာလ ပြီးဆုံးအောင်မြင်ခြင်းနှင့်အင်တာနက်လိုင်းမကောင်းသဖြင့်မတင်နိုင်ခြင်း ဆက်လက်မတင်ဖြစ်ခြင်းကို သည်းခံကြပါရန်။
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago
No comments:
Post a Comment