အယူမှန်ကန် စိတ်မြဲမြံ အဓိဋ္ဌာန်ပြုက
၁။ ဘုရားကိုသာ တသက်တာ မြဲစွာကိုးကွယ်မည်။
၂။ တရားကိုသာ တသက်တာ မြဲစွာ ကိုးကွယ်မည်။
၃။ သံဃာကိုသာ တသက်တာ မြဲစွား ကိုးကွယ်မည်။
၎။ သရဏဂုံဓါတ်၊ လွန်မြင့်မြတ်၊ လွှမ်းပကိုယ်မှာ တည်စေမည်။
၅။ ဘေးရန်လွတ်ကင်း၊ ချမ်းသာခြင်း၊လက်ငင်းရမှာသေချာသည်။
အကျိုးကျေးဇူးများ
၁။ ဘုရားကိုးကွယ်၊ တန်ခိုးကြွယ်၊အပါယ်မကျ ချမ်းသာရ၏။
၂။ တရားကိုးကွယ်၊ပညာကြွယ်၊အပါယ်မကျ ချမ်းသာရ၏ ။
၃။ သံဃာကိုးကွယ်၊ စည်းစိမ်ကြွယ်၊အပါယ်မကျ၊ချမ်းသာရ၏ ။
၁။ ဘုရားဖက်တော့ အသက်ရှည်
၂။ တရားဖက်တော့ အမျက်ပြေ
၃။ သံဃာဖက်တော့ အခက်ဝေ
သရဏဂုံအကျိုးပြ ကဗျာ
သရဏဂုံ တကယ်မြဲယင်၊အပါယ်ငရဲ ကြောက်ဖို့မလို။
နတ်ဖြစ်သော်ပင် တူနိုင်ရိုးလား၊ဆယ်မျိုးဂုဏ်စု သူ့ထက်ပို၊
ငါးဖြာအာရုံ လာမတုနဲ့၊ အာယု ၀ဏ္ဏ သုခ ဆို၊
အာဏာပိုင်စိုး၊ ခြွေရံတိုး၊ ဆယ်မျိုး ဂုဏ်ကဲပို၊
အဲဒါကြောင့် သရဏဂုံပန်း အစဉ်လန်း ရွှင်လန်းနိုင်ပါစေ။
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago
No comments:
Post a Comment