အောင်တော်မူ ဘုရားရှိခိုး
----------------------------
ဥုံ နမောတေ
ဝိဇေတုမှေ ၊ ဇယတော ဒဒတောဇယံ
နဋ္ဌထမ္ဘံ
သဗ္ဗသန္တံ ၊ ကရမေ ဇယ မင်္ဂလံ။
ဥုံ-အန္တရာယ်ကင်း ရန်စွေရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင်
မင်္ဂလာကြီး ဖြစ်ပါစေသတည်း၊ နဋ္ဌထမ္ဘံ- ထောက်ပံ့မဲ့သူ
ကူညီမဲ့နတ် ရန်ပတ်ဝေးယာ ဗြဟ္မာလည်း မရှိပါဘဲလျှက်၊ သဗ္ဗသန္တံ- ကိုယ်နေရှိန်မပျက် တသိန်ထွက်မို့
ငြိမ်သက်ဖွေးဖြူ အေးအေးလူလူသာလျှင်၊ ဇယတော-ပါရမီစက်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ
ပွဲတိုင်းမရှောင် နွဲတိုင်းလည်းအောင်မြင်တော်မူတတ်ပေထသော၊ဇယံဒဒတော- အောင်ရာစည်းကမ်း
အောင်နည်းလမ်း၌ မှီငြမ်းမလစ် အသစ်အဆန်း တစ်ဂဏန်းက မှန်းဆ၍မျှော် ပန်းရအောင်လည်း လမ်းပြ
ပေးသနားတော်မူတတ်ပေထသော၊တေ-တ၀-မကိုဋ်ရောင်လျှံ ဥသျှောင်ပျံမှာအောင်လံစွင့်စွင့် လွင့်တလူလူ
အောင်တော်မူ
မြတ်စွာဘုရားအား၊ မေ -မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော်
သားတော် သမီးတော်ဘုရားတပည့်တော်၏၊ ၀ိဇေတုံ- မရှောင်ခပင်း အခေါင်နင်း၍ အောင်ခြင်းကြီး အောင်ပါရစေခြင်းအကျိုးငှါ၊နမော - အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို
အမျိုးစုံမှန်းဆ၍ တမ်းတ ရှိခိုးပါ၏ဘုရား။
မေ- မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် သားတော်
သမီးတော်ဘုရားတပည့်တော်အား၊ ဇယမင်္ဂလံ-အောင်ရန်အတိတ် အောင်နိမိတ်နှင့် အောင်ဘိသိက်သွင်း
အောင်ဟိတ်ကျင်း၍ အောင်ခြင်းစဉ်ကာ မင်္ဂလာကို၊ ကရ- သပြေအနု ငွေခရုဖြင့် ဇေယတုပုံ မေရုတုန်အောင်
အဖုံဖုံ အမှုအေးဖို့ ပြုပေးတော်မူပါ အောင်တော်မူ မြတ်စွားဘုရား ဘုရား…………………..သာဓု
၊ သာဓု ၊ သာဓု ၊
No comments:
Post a Comment