Monday, April 9, 2012

ဗုဒ္ဓကျေးဇူး (၁)ပြည့်အလှူ

ကရင်ပြည်နယ်။မြ၀တီခရိုင်၊မြ၀တီမြို့ အမှတ်(၅) စိုက်ပျိုးရေးဇုန် ဗုဒ္ဓကျေးဇူးကျောင်းကို (၈.၄.၂၀၁၁).နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ခွင့်ပြုချက်နှင့် မြ၀တီမြိုနယ် သံဃနာယအဖွဲ့ ဥက္ကဋ္ဌ ရွှေဟင်္သာကျောင်းဆရာတော် ဘဒ္ဒန္တဦးစက္ကိန္ဒ ဦးစီးလျှက်
 မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ တို့မှ
(၈.၄.၂၀၁၁) နေ့တွင် ဗုဒ္ဓကျေုးဇူးကျောင်းကို ကျောင်းပန္နက်ရိုက်ခဲ့စတင်တည်ဆောက်ခဲ့ပါသည်။
ဗုဒ္ဓကျေးဇူးကျောင်း ကို  ဦးက၀ိပီယ  တာဝန်ခံဆရာတော်နှင့် ဦးဓမ္မရက္ခိတဆရာတော်တို့မှ သာသနာတော်အကျိုး ထမ်းဆောင်တည်ဆောက်ခဲ့ရာ တစ်နှစ်ပြည့် ဗုဒ္ဓကျေးဇူးကျောင်းအလှူတော်ကို (၈.၄.၂၀၁၂) တနင်္ဂနွေနေ့တွင် ကလေးငယ်၂၀၀၀ကျော်တို့အား ရခိုင်မုန့်တီ လှူဒါန်းခြင်း၊ အအေးစုံ ပေါင်မှုန့် ကိုက်မှုန့်များနှင့် စာအုပ်ခဲတံများလှူဒါန်းခြင်း၊ပျော်ပွဲရွင်ပွဲ ကျင်းပလျှက် ဆုများချီးမြှင့်ခြင်း၊ ကံစမ်းမဲများနှိပ်ခြင်း။ဗုဒ္ဓဘာသာယဉ်ကျေးမှု စာပေကဗျာများ ပြိုင်ပွဲပြုလုပ်ခြင်း ၊ဆုများချီးမြှင့်ခြင်းအလှူတော်ကို
 ၈.၄.၂၀၁၂ နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
 ကလေးများပျော်ရွှင်စွာ ဆုပေးခဲ့ကြသည့်အတိုင်း
ကမ္ဘာတည်သရွေ့ ဗုဒ္ဓကျေးဇူးကျောင်း တည်တံ့နိုင်ပါစေသတည်း
ဗုဒ္ဓကျေး၊ဇူး ဓမ္မအလင်းရောင် ထွန်းလင်းပြောင် ကမ္ဘာတည်အောင် လင်းပါစေသတည်း
ကမ္ဘာငြိမ်းချမ်း နိဗ္ဗာန်နန်း စံမြန်းကြစေသော်။။။။
            ဦးက၀ိပိယ
       ဗုဒ္ဓကျေးဇူးကျောင်း
             မြ၀တီမြို့
       ဖုံး= ၀၉၀၆၉၃၉၈၇၃

No comments:

Post a Comment