Sunday, November 13, 2011

ကထိန်ဖိတ်ကြားလွှာ

ဗုဒ္ဓကျေးဇူးကျောင်း
ပထမအကြိမ် ကထိန်သင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းပွဲ
အလှူတော် မင်္ဂလာဖိတ်ကြားလွှာ

လေးစားစွာဖိတ်ကြားအပ်ပါသည်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင် ၊ မြ၀တီမြို့ ၊အမှတ်(၅) စိုက်ပျိုးရေးဇုန်၊ ဗုဒ္ဓကျေးဇူးကျေုာင်း၌ ပုရိမ၀ါမှ ထတော်မူကြမည့် ရဟန်းသံဃာတော်များနှင့် ပင့်သံဃာတော်အရှင်မြတ်တို့အား ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို တဖက်ပါအစီစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍
တရားတော်နာကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အကျိုးတော်ဆောင်များ
ဗုဒ္ဓကျေးဇူးကျောင်း
မြ၀တီမြို့

အလှူတော်မင်္ဂလာ အစီစဉ်
နေ့ရက်.... ၁၃၇၃ ခု ၊ တန်းဆောင်မုန်းလဆန်း(၁၁) ရက်
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် ၊ တနင်္ဂနွေနေ့၊
နေရာ ......ဗုဒ္ဓကျေးဇူးကျောင်း
အမှတ်(၅) ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်၊(၁၈) ဂိတ်အနီး၊ မြ၀တီမြို့၊
အချိန်......နံက်(၀၇:၀၀) နာရီမှ နေ့လည်(၀၂:၀၀) နာရီထိ၊


အစီအစဉ်
ဧည့်ပရိတ်သတ်များအား နံနက်(၀၇:၀၀) နာရီမှစ၍ ကျွေးမွေးဧည့်ခံပါမည်။
သံဃာတော်များအား နံနက်(၁၀:၃၀)နာရီတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
နေ့လည်(၁၂:၀၀) နာရီတွင် ကထိန်သင်္ကန်းလှူဒါန်းခြင်း အခမ်းအနားစတင်ပါမည်။

No comments:

Post a Comment